ဇိအုန်ထဲမှာနဲ့ မိသားစုထဲမှာ တစ်ဖက်လူက ဘာကြောင့် အဲဒီလိုပြုမူတာလဲဆိုတာကို သိရင် အားလုံးကို နားလည်ပေးနိုင်ပေမယ့် အကြောင်းရင်းကို မသိတဲ့အချိန်မှာ တစ်ဖက်လူကို နားလည်မှုလွဲနိုင်ပြီး ဒေါသထွက်နိုင်ပြီးတော့ နောက်ဆုံးမှာ ရန်သူဖြစ်သွားမှာဖြစ်ပါတယ်။
ဒါကြောင့် ဘုရားသခင်ဟာ တစ်ဖက်လူကို နားလည်ပေးပြီး ထည့်သွင်းစဉ်းစားပေးတဲ့စိတ် လိုအပ်တယ်လို့ မိန့်တော်မူပြီး ပဋိညာဉ်တရားသစ်ပညတ်အားဖြင့် “အချင်းချင်း ချစ်ကြလော့”ဆိုတဲ့ သင်ကြားမှုကို အရေးကြီးတယ်လို့ အလေးပေးဖော်ပြခဲ့ပါတယ်။
ဘုရားသခင်၏အသင်းတော် သန့်ရှင်းသူတွေဟာ အဖေနဲ့အမေက ကျွန်တော်တို့အတွက် ခံစားပေးတော်မူတဲ့ ဆင်းရဲဒုက္ခနဲ့ နာကျင်ခြင်း၊ အရှက်ကွဲခြင်းနဲ့ စော်ကားခြင်းတွေကို စဉ်းစားရင်း ကိုယ့်အတွက်ပဲ ရှင်သန်ခဲ့တဲ့ လူဟောင်းကို စွန့်ပယ်ပြီး အချင်းချင်း ထည့်သွင်းစဉ်းစားပေးပြီး အလျှော့ပေးပြီး ချစ်ခြင်းမေတ္တာကို ကျင့်သုံးတဲ့ လူသစ်ဖြစ်လာဖို့ အားထုတ်ကြပါတယ်။
ဘုရားသခင်သည် ငါတို့ကိုချစ်တော်မူခြင်း မေတ္တာတော်ကို ငါတို့သည်သိ၍ ယုံကြည်ကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာ၌ တည်သောသူသည် ဘုရားသခင်၌တည်၏။ ဘုရားသခင်သည်လည်း ထိုသူ၌ တည်တော်မူ၏။ ထိုသို့ငါတို့သည် ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံသောအားဖြင့်၊ တရားဆုံးဖြတ်တော်မူသောနေ့၌ ရဲရင့်ရသောအခွင့် ရှိကြလိမ့်မည်။ အကြောင်းမူကား၊ ငါတို့သည် ကိုယ်တော်၏နည်းတူ ဤလောက၌ဖြစ်ကြ၏။ ချစ်ခြင်းမေတ္တာသည် ကြောက်ခြင်းသံဝေဂနှင့် မပေါင်းနိုင်ရာ။ သံဝေဂသည် ပူပန်ခြင်းဝေဒနာကို ဖြစ်စေသောကြောင့်၊ စုံလင်သောမေတ္တာသည် သံဝေဂကို ပယ်ရှားတတ်၏။ သံဝေဂရှိသောသူသည် မေတ္တာနှင့် မပြည့်စုံသေး။ ဘုရားသခင်သည် ငါတို့ကိုရှေ့ဦးစွာ ချစ်တော်မူသောကြောင့်၊ ငါတို့သည် ဘုရားသခင်ကိုချစ်ကြ၏။ တစ်စုံတစ်ယောက်သောသူက၊ ငါသည် ဘုရားသခင်ကိုချစ်၏ဟု ဆိုလျက်ပင် မိမိညီအစ်ကိုကို မုန်းလျှင်၊ ထိုသူသည် မုသားကိုသုံးသောသူဖြစ်၏။ မိမိမြင်ရသော မိမိညီအစ်ကိုကို မချစ်လျှင်၊ မမြင်သေးသောဘုရားသခင်ကို အဘယ်သို့ချစ်နိုင်မည်နည်း။ ဘုရားသခင်ကို ချစ်သောသူသည် မိမိညီအစ်ကိုကို ချစ်ရမည်ဟူသော ပညတ်တော်ကို ငါတို့သည် ခရစ်တော်ထံ၌ ခံရကြပြီ။ ရှင်ယောဟန်သြဝါဒစာပထမစောင် ၄:၁၆-၂၁
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်