ထာဝရအဖေ၊ တန်ခိုးကြီးသောဘုရားသခင်ဟာ ဒီမြေကြီးကို ကြွလာပြီး မရေမတွက်နိုင်တဲ့လူများစွာရဲ့ လှောင်ပြောင်ခြင်း၊ မထီမဲ့မြင်ပြုခြင်းနဲ့ ညှဉ်းပန်းနှိပ်စက်ခြင်းကို သည်းခံတော်မူခဲ့ပါတယ်။ ဒါပေမဲ့၊ သူဟာ သူ့ရဲ့ စစ်မှန်တဲ့လူမျိုးတွေကို ရှာဖွေပြီး သူတို့ရဲ့အပြစ်အားလုံးကို ခွင့်လွှတ်ပေးပြီး ကယ်တင်ဖို့အတွက် ဒီအရာအားလုံးကို တိတ်တဆိတ် သည်းခံတော်မူခဲ့ပါတယ်။
ကောင်းကင်သားသမီးတွေကို ကယ်တင်တဲ့ဖြစ်စဉ်မှာ၊ ပထမအကြိမ်ကြွလာခဲ့တဲ့ ယေရှုခရစ်၊ ဒုတိယအကြိမ်ကြွလာတဲ့ ခရစ်တော်အန်ဆန်ဟုန်းနဲ့ ယေရုရှလင် ကောင်းကင်အမေဟာ လူ့ဇာတိအားဖြင့် ဒီကမ္ဘာမြေကို ကြွလာခဲ့ကြပါတယ်။ ကြိုတင်ဟောကြားချက်အရ၊ ဒီလမ်းကြောင်းမှာ ဝမ်းနည်းပူဆွေးရာနေ့ရက်တွေ မလွဲမသွေ ပါဝင်ပြီး၊ အဲဒီနေ့ရက်တွေ ကုန်ဆုံးပြီးနောက် ဘုန်းတော်ရရှိတဲ့ဝမ်းမြောက်ခြင်းနေ့ရက်တွေလည်း လိုက်လာပါတယ်။ ဒီကတိတော်အတိုင်း၊ အခု ဘုရားသခင်၏အသင်းတော်ကို ဦးဆောင်နေတဲ့ အမေဘုရားသခင်ရဲ့ ဘုန်းတော်ဟာ ကမ္ဘာတစ်ဝန်းလုံးမှာ ထင်ရှားနေပါတယ်။
ယေရှုကလည်း၊ ငါသည် ငါ့ခမည်းတော်၏အခွင့်နှင့် ကောင်းသောအမှုအများတို့ကို သင်တို့အားပြပြီ။ ထိုအမှုတို့တွင် အဘယ်မည်သောအမှုကြောင့် ငါ့ကို ခဲနှင့် ပစ်ကြမည်နည်းဟု မေးတော်မူလျှင်၊ ယုဒလူတို့က၊ ကောင်းသောအမှုကြောင့် ခဲနှင့် ပစ်မည်မဟုတ်။ သင်သည် လူဖြစ်လျက်ပင် ဘုရားသခင်ဖြစ်ယောင်ဆောင်၍ ဘုရားသခင်ကို လွန်ကျူးသောစကားကြောင့် ခဲနှင့်ပစ်မည်ဟု ဆိုကြ၏။ ရှင်ယောဟန်ခရစ်ဝင် ၁၀:၃၂–၃၃
နောက်တဖန် သင်၏နေသည်မဝင်ရ။ သင်၏လသည်လည်း မဆုတ်ရ။ ထာဝရဘုရားသည် သင်၌ထာဝရအလင်း ဖြစ်တော်မူ၍ စိတ်မသာညည်းတွားရာကာလ ကုန်လေပြီ။ (BCL ကျမ်းစား- သင်ဝမ်းနည်းပူဆွေးရာနေ့ရက်များသည် ကုန်ဆုံး၍သွားလိမ့်မည်။) ဟေရှာယအနာဂတ္တိကျမ်း ၆၀:၂၀
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ  ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉ 
ဖုန်း ၀၃၁-၇၃၈-၅၉၉၉  ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်