“သဲကန္တာရမှာ ရေက ရွှေထက် ပိုတန်ဖိုးရှိပြီး လမ်းပျောက်နေတဲ့ သိုးအတွက် သိုးထိန်းက ရှင်ဘုရင်ထက် ပိုတန်ဖိုးရှိတယ်”ဆိုတဲ့ စကားအတိုင်း၊ ဒီမြေကြီးပေါ်မှာ တန်ဖိုးရှိတဲ့အရာနဲ့ ကောင်းကင်နိုင်ငံမှာ တန်ဖိုးရှိတဲ့အရာဟာ အရမ်း ကွာခြားပါတယ်။ လောကကလူများစွာ တန်ဖိုးထားကြတဲ့ စည်းစိမ်ဥစ္စာ၊ ဂုဏ်အသရေနဲ့ အာဏာတွေဟာ ကောင်းကင်နိုင်ငံမှာတော့ ဘာတန်ဖိုးမှ မရှိပါဘူး။ ဒါကြောင့်လည်း ကနဦးအသင်းတော် သန့်ရှင်းသူတွေဟာ ညှဉ်းပန်းနှိပ်စက်ခြင်းတွေကြားမှာတောင် ကောင်းကင်နိုင်ငံအတွက် အသက်ရှင်ခဲ့ကြပါတယ်။
ဘုရားသခင်ရဲ့နိုင်ငံတော်မှာ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ဆောင်တာဟာ အဖိုးအတန်ဆုံးအလုပ် ဖြစ်ပါတယ်။ ဘုရားသခင်၏အသင်းတော် အဖွဲ့ဝင်တွေဟာ ကောင်းကင်နိုင်ငံမှ ကမ္ဘာအဆက်ဆက် စိုးစံပြီး ကောင်းကင်ကြယ်တွေလို ထွန်းလင်းတောက်ပကြလိမ့်မယ်ဆိုတဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ယုံကြည်ကြပြီး၊ ပဋိညာဉ်တရားသစ် အမှန်တရားအားဖြင့် ပျောက်ဆုံးနေတဲ့ ဝိညာဉ်တစ်ဦးကိုတောင် မကျန်အောင် ရှာဖွေနေကြပါတယ်။
ယခုဆိုခဲ့ပြီးသော သူအပေါင်းတို့သည်၊ ကတိတော်နှင့်စပ်ဆိုင်သော အကျိုးကျေးဇူးကို မခံရဘဲ၊ အဝေးကမြော်မြင်လျက်၊ စိတ်နှလုံးနှင့် ဖက်ယမ်းလျက်၊ မိမိတို့သည် မြေကြီးပေါ်မှာ တစ်ကျွန်းသူတစ်နိုင်ငံသား၊ ဧည့်သည် အာဂန္တုဖြစ်သည်ကို ထင်ရှားစွာဝန်ခံလျက်၊ ယုံကြည်ခြင်းစိတ်နှင့် သေလွန်ကြ၏။ ဟေဗြဲသြဝါဒစာ ၁၁:၁၃
ပညာရှိသော သူတို့သည်လည်း၊ ကောင်းကင်မျက်နှာကြက်၏ အရောင်အဝါကဲ့သို့လည်းကောင်း၊ လူအများတို့ကို ဖြောင့်မတ်ခြင်းတရားလမ်းထဲသို့ သွင်းသော သူတို့သည်လည်း၊ ကြယ်များကဲ့သို့လည်းကောင်း အစဉ်အမြဲ ထွန်းလင်းကြလိမ့်မည်။ ဒံယေလ ၁၂:၃
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်