ဘုရားသခင်ရဲ့ပညတ်တော်ကို နာခံတဲ့ဘဝမှာ၊ ကျွန်ုပ်တို့အတွက် ကြွယ်ဝတဲ့ကောင်းချီးတွေ အမြဲသိုထားလျက်ရှိပါတယ်။ ဒါကြောင့်၊ ဥပုသ်နေ့နဲ့ ပသခါပွဲလိုမျိုး ခမည်းတော်ခေတ်ကတည်းက ဘုရားသခင်တည်ထောင်ခဲ့တဲ့ ပွဲတော်တွေထဲမှာ “ဒါတွေကို မမေ့ဘဲ၊ အစဉ်အမြဲ အောက်မေ့ကြလော့”ဆိုတဲ့ အမိန့်တော် အမြဲရှိပါတယ်။
ခေတ်တိုင်းမှာ ဘုရားသခင်ရဲ့ပညတ်တော်ကို စောင့်တဲ့သူတွေဟာ ဖြောင့်မတ်သူအဖြစ် ကောင်းချီးခံရမှာဖြစ်ပြီး၊ ဘုရားသခင်ရဲ့ပညတ်တော်ကို ချိုးဖောက်တဲ့သူဟာ ပုန်ကန်မှုအတွက် အပြစ်စီရင်ခံရမယ်လို့ သမ္မာကျမ်းစာက ပြောထားပါတယ်။ ဣသရေလလူမျိုးတွေ ဗာဗုလုန်မှာ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့အကြောင်းရင်းဟာ ဘုရားသခင်ရဲ့ပညတ်တော်ကို မစောင့်ခြင်းကြောင့် ဖြစ်ပါတယ်။
အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ကျွန်တော်ရင်း၊ ပရောဖက်တို့ဖြင့် အကျွန်ုပ်တို့၌ ထားတော်မူသော ပညတ်တရားတော်လမ်းသို့ လိုက်ခြင်းငှာ၊ ဗျာဒိတ်တော်အသံကို အကျွန်ုပ်တို့သည် နားမထောင်ဘဲနေကြပါပြီ။ အကယ်စင်စစ် ဣသရေလအမျိုးသားအပေါင်းတို့သည် ဗျာဒိတ်တော်အသံကို နားမထောင်၊ လွှဲသွား၍ ပညတ်တရားတော်ကို လွန်ကျူးကြပါပြီ။ သို့ဖြစ်၍၊ ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့်၊ ကျိန်ဆိုတော်မူခြင်းတည်းဟူသော ဘုရားသခင်၏ကျွန်မောရှေ၏ ပညတ္တိကျမ်း၌ မှတ်သားသောအကျိန်ကို အကျွန်ုပ်တို့ အပေါ်သို့ သွန်းလောင်းတော်မူ၏။ ဒံယေလအနာဂတ္တိကျမ်း ၉:၁၀-၁၁
ငါစီရင်ထုံးဖွဲ့သည် အတိုင်းကျင့်၍ သစ္စာစောင့်ခြင်းကို ပြုလျှင်လည်းကောင်း၊ ထိုသူသည် ဖြောင့်မတ်သောသူဖြစ်၏။ အကယ်စင်စစ် အသက်ရှင်ရလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ ယေဇကျေလအနာဂတ္တိကျမ်း ၁၈:၉
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်